Wednesday, January 5, 2011

ဒိုးပင်အောင်ကံသာ ပရဟိတကျောင်း အတွက် စတင်မိတ်ဆက်


ပြင်ဦးလွင်မြို့ ဒိုးပင် ပရဟိတကျောင်း အတွက် ကမ္ကာအရပ်ရပ်မှ မြန်မာ ပြည်သူပြည်သားများနှင့် တကွ နိုင်ငံတကာမှ နိုင်ငံခြားသားများ သိရှိစေရန်အတွက် ဒီဝက်ဆိုဒ်လေး ကို စတင်မိတ်ဆက် ပေးလိုက်ပါတယ်။ ဒီဝက်ဆိုဒ်လေးကို မေတ္တာရှင် ဆရာတော်၏ ပံ့ပိုးကူညီမှုဖြင့် ဆရာတော်၏ တပည့် ဦးကောဝိဒ တို့၏ ဦးဆောင်မှုနဲ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီမိဘမဲ့ ကျောင်းမှ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တပဏ္ဍဝ ၏ ခွင်ပြုချက်ဖြင့် တင်ဆက်သွားမှာဖြစ်ပါတယ်။ ဆရာတော်၏ မိဘ သဖွယ် ကလေးသူငယ်များကို ပြုစုစောင့်မှုလေးများကို လည်း နောက်ပိုင်းတွင် ဆက်လက် ရေးသားဖော်ပြသွားမည်ဖြစ်ပါတယ်။ ထိုမိဘမဲ့ ကျောင်းရဲ့ သမိုင်းကြောင်း အခြေအနေအရပ်ရပ်များကိုလည်း မကြာမှီ ရေးသားဖော်ပြပေးသွားမည် ဖြစ်ပါကြောင်း ကို ကမ္ဘာအရပ်ရပ်မှ စေတနာရှင် များအတွက် လှူဒါန်းနိုင်ရန် သတင်းပေး မိတ်ဆက်လိုက်ရပါတယ်။



No comments:

Post a Comment